Read Me First >>


** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

** Step-2. "5sec". လောက်စောင့်ပေးပါ။

** Step-3. " << skip AD >> ".ကိုနှိပ်ပေးပါ။

** Step-4. Download Link ကျလာပါလိမ့်မယ်။

** အဆင်ပြေပါစေဗျာ။

Tuesday, July 10, 2018

Bharat Ane Nenu (2018)



ဖခင်ကြီး ကျန်းမာရေးချို့တဲ့နေပြီဆိုတဲ့သတင်းကြောင့် နိုင်ငံခြားမှာ ပညာတော်သင်သွားနေတဲ့လူတစ်ယောက် ကိုယ့်ရပ်ကိုယ့်မြေကို ပြန်လာတယ်

ပြန်ရောက်တော့ဖခင်ကြီးရဲ့အသက်ကိုမမှီလိုက်သလိုဇပနအခမ်းအနားကိုတောင် ကျင်းပခွင့် မရလိုက်ဘူး. . .

သို့ပေမယ့် ကောက်ကာငင်ကာဆိုသလို ဝန်ကြီးချုပ်ရာထူးကို ဝင်ရောက်ထမ်းဆောင်ဖို့ ဖြစ်လာတယ်

ပညာတတ် လူငယ်လေးဖြစ်တဲ့အပြင်ဖခင်ရဲ့ သွေးအပြည့်ပါတဲ့သူဖြစ်တာကြောင့်အလုပ်ကို ကြိုးစားတယ်

မှန်ကန်တဲ့အလုပ်ကို လုပ်တယ်တည်ကြည်တယ် ဖြောင့်မတ်တယ်ရဲ့ဝံ့တယ်. . .


ဘယ်သူ့မျက်နှာကိုမှ မထောက်ဘူး

ပြည်သူတွေကို ချစ်တဲ့သူဖြစ်တာကြောင့်အောက်ခြေလူတန်းစားတွေနေတဲ့ ကျေးလက်ဒေသတွေအထိ ရှောင်တခင် စစ်ဆေးတတ်တယ်

သက်ဆိုင်ရာနယ်မြေက တာဝန်ကျ အစိုးရ အရာရှိတွေကို ပြည်သူ့အကျိုး သယ်ပိုးသူမှန်ရင် မြှောက်စားတယ်

လာဘ်စားပြီး တာဝန်မကျေရင် ဖြုတ်ပစ်တယ်. . .

အဲ့ဒီလောက်အထိ ရဲရဲတောက်တဲ့ဝန်ကြီးချုပ် ဖြစ်လာတယ်. . .

လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးလမ်းတံတားပြုပြင်ရေးကျေးလက်ဒေသ စည်ပင်ဖွံဖြိုးရေးစတဲ့ လုပ်ငန်းတွေမှာ နိုင်ငံတော်ဘတ်ဂျက်ကို မျှတအောင် သုံးစွဲပြီး ရန်ပုံငွေတွေ ချပေးကာကိုယ်ထူကိုယ်ထ လုပ်စေတယ်

သူက ပြည်သူကို ကိုယ့်အားကိုယ်ကိုးစေချင်တဲ့ ဒီလိုမျိုးစိတ်ဓာတ်ပိုင်ရှင် ၀န်ကြီးချုပ်ပါ။



သူပြောတဲ့စကားက”စစ်မှန်တဲ့ ခေါင်းဆောင်ဆိုတာခေါင်းဆောင်မလိုတဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်တည်လာအောင် လမ်းပြပေးတဲ့သူပါ”တဲ့

မည်သို့ပင်ဆိုစေ. . .ပြည်သူ့အချစ်တော် ခံယူပြီးတာဝန်တွေကို ကျေပွန်အောင် လုပ်သည့်တိုင်မနာလိုတဲ့သူတွေကတော့ မနာလိုစမြဲပါပဲ

နေရာတကာ အကောင်းနဲ့ အဆိုး ဒွန်တွဲနေတာမို့မြေခွေးတွေကြားကို ရောက်နေတဲ့ယုန်သူငယ်လိုပဲအမဲဖြတ်ဖို့ ချောင်းမြောင်းနေကြသူတွေရှိတယ်

သူ့ နောက်ကိုကို လိုက်ပြီး သတင်းယူနေတဲ့ ပါပါရာဇီတွေရှိတယ်. . .

လူငယ်ပီပီချစ်သူရည်းစားထားမိတာကအစအပြစ်ရှာ အပုပ်ချလိုသူတွေရှိတယ်. . .

ဒီနှစ်ပိုင်းထွက်တဲ့တောင်ပိုင်းကားတွေထဲဒီကားကတော့ ကျွန်တော့်အကြိုက်ဆုံး နိုင်ငံရေး အက်ရှင်ကားဖြစ်ပါတယ်

အဖြစ်အပျက်တွေကို ရိုက်ပြထားပုံကကိုယ့်နိုင်ငံရဲ့ အခြေအနေနဲ့ အတော်ကြီးကို ဆင်တူနေတယ်. . .

တစ်နည်းပြောရရင်

သူတို့ရိုက်ပြသွားတဲ့ အစိုးရရဲ့ လစ်ဟာမှုတွေ အကြောင်းလာဘ်စားတတ်တဲ့ အစိုးရဝန်ထမ်းတွေအကြောင်း ဖြစ်လေ့ဖြစ်ထရှိတဲ့လူ့သဘော လူ့မနောတွေအကြောင်း ဒီလို ရိုက်ကူးချက်တွေဟာ ကိုယ့်နိုင်ငံကို လက်ညှိုးထိုးပြနေသလားတောင် ထင်မိစရာပါ. . .

ကျေးလက်ဖွံ့ ဖြိုးရေးအတွက်ပြည်သူတွေအရေးအတွက်လွှတ်တော်မှာ တစ်ဖက်နဲ့ တစ်ဖက် အပြင်းအထန်ကို အတိုက်အခံလုပ်ပြီးအချေအတင်ဆွေးနွေးကြတာ အားရစရာပါ. . .

မြင်နေကျ အိန္ဒိယတောင်ပိုင်းကားတွေလိုဘလိုင်းကြီး ကြမ်းပြ ရမ်းပြမိုက်ကြေးခွဲတာထက် ဒီကားမှာတော့အကြောင်းအကျိုးနဲ့ ပြချင်တဲ့ အချက်တွေကိုရေပက်မဝင်အောင် ပြသွားတာ ဖြစ်ပာကြောင်း. . .

မကြည့်ဖြစ်ရင် တစ်ခေတ်နောက်ကျမယ့် ဇာတ်ကားတစ်ကား ဖြစ်ပါကြောင်းညွှန်းဆိုလိုက်ပါရစေ ခင်ဗျား. . .



(ဇာတ်လမ်းအညွှန်းနဲ့စာတန်းထိုးဖိုင်ကိုတော့ MLMC Team မှ ကူညီပေးထားပါတယ်)



File Size : (1.2 GB) and (600 MB)
Quality : HDRip 720p
Running Time : 2hr 53min
Format : Mp4
Genre : Action, Drama
Subtitle : Myanmar Subtitle (Hard Sub)
Source : Telugu v2 True HQ HDRip-720p-x264-AAC
Subtitle by MLMC Team
Encoded by Thanhtike Zaw

Read more »

[18+] Hot Girls Wanted (2015)







IMDb (6.1) / Rotten Tomatoes (82%)

၁၈နှစ်​၊၁၉နှစ်​ ဆိုတဲ့အရွယ်​ဟာ ရင့်​ကျက်​ပြီလို့​ ခေါ်နိုင်​မလား။ အမှား​တွေ မလုပ်​မိဘူးလို့ရော ​ပြောနိုင်​မလား။ အရွယ်​နဲ့မမျှတဲ့ ​အောင်​မြင်​မှုမျိုးနဲ့ ဝင်​​ငွေမျိုး လိုချင်​ကြတဲ့ ဆယ်​​ကျော်​သက်​​လေး​တွေဟာ လမ်းမှား​ရောက်ဖို့ ပိုလွယ်တတ်တယ်​​​​​လို့ လက်​ခံထား ကြပါတယ်​။ သူတို့​တွေဟာ ငယ်​ရွယ်​ကြတယ်​။ ဘဝ​အ​တွေ့အကြုံ နုနယ်​​သေးတယ်​ ။ အဲ့လိုအချိန်​မှာ ပိုးဖလံ​ကောင်​​လေး​တွေလိုပဲ မီးအလင်း​ရောင်​​​နောက်​ကို အာသာငမ်းငမ်းလိုက်​ကြပါ​တော့တယ်​။ ​လောဘဆိုတဲ့ မီးအလင်း​ရောင်​​နောက်​ကို မဆင်​မခြင်​လိုက်​မိရင်​​တော့ မီးလုံး​ဘေးနားက အသာထိုင်​​စောင့်​​နေတဲ့ အိမ်​​မြှောင်​ကြီး​တွေရဲ့ ကျွတ်ကျွတ်​မြည်​​အောင်​ ဝါးစားခြင်းကို ခံရပါ​လိမ့်​မယ်​။


ဒီdocumentary ထဲမှာ​တော့ ၁၈နှစ်​ ၁၉နှစ်​ အရွယ်​​ငယ်​ငယ်​ရွယ်​ရွယ်​နဲ့ဖြတ်​လမ်းက ​အောင်​မြင်​ချင်​တဲ့ မိန်းက​လေး​တွေ လမ်းမှား​ရောက်​ပြီး ဒုက္ခေ​ရာက်​ကြပုံ​တွေကို ရိုက်​ကူးပြထားပါတယ်​။ ဖြစ်​ရပ်​မှန်​ကို ရိုက်​ကူးထားတာဖြစ်​လို့ ကိုယ်​မသိ​သေးတဲ့​ အပြာဇာတ်​ကား​တွေရဲ့​နောက်​ကွယ်​က အမှန်​တရား​တွေကို ဂရုဏာသက်​ဖွယ်​ ​တွေ့မြင်​ရမှာ ဖြစ်​ပါတယ်​။

အပြာမင်းသမီးလုပ်​ဖို့ လမ်း​ကြောင်းကို ​ရွေးချယ်​ကြတဲ့ မိန်းက​လေး​တွေကို “မိုက်​မဲလိုက်​တာ” “ပိုက်​ဆံမက်​လိုက်​တာ” ဆိုပြီး ကဲ့ရဲ့အပြစ်​တင်​စရာ​တွေရှိ​နေသလို မထင်​မှတ်​မိတဲ့ချီးကျူးစရာ​တွေလည်း ရှိ​နေပါ​သေးတယ်​။ အသက်​ ၁၉နှစ်​အရွယ်​မှာ အိမ်​က​နေထွက်​သွားပြီး အန္တရာယ်​များတဲ့အပြင်​​လောကမှာ ကြိုးစားရုန်းကန်​ရဲတဲ့ သတ္တိပြင်းတဲ့စိတ်​ဓာတ်​ဟာ အသိအမှတ်​ပြုသင့်​တဲ့ ချီးကျူးစရာကိစ္စတစ်​ခုပါ။ ​နောက်​ ဒုတိယ​အချက်က​တော့ ကိုယ်​​လျှောက်​လှမ်းမိတဲ့ လမ်း​ကြောင်းဟာ ဆူး​ညှောင့်​ခလုတ်​​တွေအပြည့်​နဲ့ အများပြစ်​တင်​ကဲ့ရဲ့စရာဖြစ်​​နေ​ပေမယ့်​ ကိုယ့်​ယုံကြည်​ရာ ကိုယ့်​ခံယူချက်​ကို ပြီး​မြောက်​​အောင်​မြင်​​အောင်​လုပ်​မယ်​ဆိုတဲ့ ဇွဲအပြည့်​နဲ့ စိတ်​ဓာတ်​ကိုပါပဲ။

ဟုတ်​ပါတယ်​ ဒီ documentary ​လေးဟာ လမ်းမှား​ရောက်​မှု၊​ငွေမက်​မှု၊မရင့်​ကျက်​မှု ၊သတ္တိရှိမှု ၊ဇွဲရှိမှု၊ စွန့်​လွှတ်​စွန့်​စားရဲမှု၊ အမှန်​ကိုလက်​ခံနိုင်​မှုစတဲ့ ကဲ့ရဲ့အပြစ်​တင်​စရာ​တွေ​ကော ချီးကျူးစရာ​တွေပါ ​ရောပြွန်း​နေတဲ့ အ​တွေးအမြင်​​ ရသ​တွေကို အများကြီး​ပေးစွမ်းပါလိမ့်​မယ်​။

ပွင့်ပွင့်လင်းလင်းရိုက်ကူးထားလို့ မိသားစုနဲ့မကြည့်သင့်တဲ့ 18+ ဇာတ်ကားပါ။

(Dark Side Production မှတင်ဆက်သည်။)


File size…(750 MB) and (320 MB)
Quality…WEB-Rip 720p
Format…mp4
Duration….01:24:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….RGB

Translated by Triple X





Read more »

The Catcher Was a Spy

 


ဒုတိယကမ္ဘာစစ်ကြီးဟာ တစ်ကမ္ဘာလုံးကို

ပူဆွေးသောကနဲ့ ပြာပုံတွေသာ ချန်ခဲ့ပေမယ့်

လူ့သမိုင်းမှာ အဆန်းကြယ်ဆုံး ဖြစ်ရပ်တွေ

ရင်ခုန်စရာစွန့်စားခန်းတွေကိုလည်း ပေါ်ပေါက်ခဲ့စေပါတယ်။


ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာ ရက်စက်တဲ့စစ်ဝါဒီတွေ

သူရဲကောင်းတွေ ဉာဏ်ကြီးရှင်တွေ အံ့မခန်းလူစွန့်စားတွေ

ပေါ်ပေါက်ခဲ့ပြီး သူတို့ရဲ့စွန့်စားခန်းတွေ အတွေ့အကြုံ

ဖြစ်ရပ်စုံတွေဟာ ဒီနေ့ထိတောင် ပြောမကုန်အောင်

ဖြစ်နေဆဲပါပဲ။ ဒါပေမဲ့ ဘေ့စ်ဘော်မေဂျာ်လိဂ်ရဲ့

ဘော်စတွန်အခြေစိုက်ကလပ်ရက်ဒ်ဆောက်အသင်းမှာ

ကစားတဲ့ ဘောဖမ်းသမားတစ်ယောက်ဟာ

ထိပ်တန်းသူလျှိုတစ်ယောက်ဖြစ်လာလိမ့်မယ်လို့

ဘယ်သူကမှ ထင်ထားမှာ မဟုတ်ဘူး။

Moeလို့ အများက ခေါ်လေ့ရှိတဲ့ မောရစ်ဘာ့ဂ်ဟာ

ဘေ့စ်ဘော မေဂျာလိဂ် သမိုင်းတစ်လျှောက်မှာတော့

ထူးချွန်တဲ့ကစားသမားစာရင်း မဝင်တဲ့သူပါ။

ဒါပေမဲ့ ဘာသာစကား ၇ မျိုးလောက်ကို ရေရေလည်လည်

ပြောတတ်ပြီး ဗဟုသုတလည်း ကြွယ်လွန်းလှသူမို့

ဉာဏစွမ်းအမြင့်ဆုံး ဘေ့စ်ဘောသမားလို့ အများက

သတ်မှတ်ထားကြပါတယ်။ ပရင်စတန်တက္ကသိုလ်က

ဘွဲ့ရထားသူဖြစ်ပြီး တစ်နေ့ကို သတင်းစာ

ဆယ်စောင်ဖတ်ပြီး စာအုပ်တစ်အုပ်ကို တစ်ခါဖတ်ပြီး

အားလုံးမှတ်မိတဲ့အထိ မှတ်ဉာဏ်စွမ်းရည်

မြင့်မားပါတယ်။ ပုလဲဆိပ်ကမ်းကို ဂျပန်တွေ

ဗုံးကြဲအပြီးမှာ Moeဟာ နောင်တစ်ချိန်မှာ CIA



ဖြစ်လာမယ့် Office of Strategic Service

(OSS) မဟာဗျူ ဟာအကောင်အထည်ဖော်ရေး

ဌာနမှာ ဘာသာပြန်အဖြစ် ရာထူးတစ်နေရာရခဲ့ပြီး

CIAဖွဲ့စည်းချိန်အထိ ဆက်လက် တာဝန်

ထမ်းဆောင်ခဲ့တယ်။ CIAက ထွက်လာပြီးချိန်မှာတော့

တစ်ကိုယ်တည်းလူပျိုကြီးဘဝနဲ့ ဘေ့စ်ဘောနည်းပြ

လုပ်ရင်း စာကြည့်တိုက်မှာ အချိန်ကုန်ရင်း

ဆွေမျိုးတွေရဲ့ အထောက်ပံ့ခံဘဝနဲ့ နေထိုင်ရင်း

ကွယ်လွန်ခဲ့တယ်။



ဒုတိယကမ္ဘာစစ်အတွင်းမှာ Moeရဲ့

ပါဝင်ဆောင်ရွက်မှုတွေနဲ့ သူ့ရဲ့ စစ်ဆင်ရေးတွေကို

ဘယ်သူမှမရိပ်မိခဲ့ပါဘူး။ အံ့သြစရာကောင်းလောက်အောင်

လျှို့ဝှက်သူလို့ အများက မှတ်ချက်ချခဲ့တဲ့ Moeဟာ

အမေရိကန်အစိုးရက အရပ်သားတွေကို ချီးမြှင့်တဲ့

အမြင့်ဆုံး ဂုဏ်ပြုဆုတံဆိပ် Medal of Freedomကို

လက်မခံဘဲ ငြင်းပယ်ခဲ့သူပါ။ သူကွယ်လွန်ပြီးမှ

ဒီဆုကို သူ့ကိုယ်စား သူ့ညီမက လက်ခံယူခဲ့တယ်။

Moe Bergရဲ့ လျှို့ဝှက်လွန်းတဲ့ဘဝကို

The Catcher Was a Spy ဆိုတဲ့နာမည်နဲ့

စာရေးဆရာ Nicholas Dawidoffက

ဖွင့်ချလိုက်မှ Moe Bergရဲ့ သူလျှိုဘဝကို

သိခွင့်ရလာကြတယ်။ ဒီစာအုပ်ဟာလည်း

Best Seller ဖြစ်ခဲ့တယ်။ ဒီစာအုပ်ကို အခြေခံပြီး

ဒါရိုက်တာ Ben Lewinက ရိုက်ကူးထားတဲ့

The Catcher Was a Spy ရုပ်ရှင်ဟာ

ဝေဖန်ရေးဆရာတွေကြားမှာ ထင်သလောက်

အောင်မြင်မှုမရခဲ့ပေမယ့် ဒုတိယကမ္ဘာစစ်အတွင်းက

ပဟေဠိတွေကို နှစ်သက်သူတွေအတွက်တော့

အကြိုက်တွေ့မယ့်ရုပ်ရှင်ပါ။ Paul Rudd,

Mark Strong, Tom Wilkinsonတို့လို့

ဝါရင့်သရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်ထားပြီး

မန်ဟတ်တန်စီမံကိန်းနောက်ကွယ်က ဖြစ်ရပ်တွေကို

အခြေခံထားတဲ့အတွက် စိတ်ဝင်စားစရာ

ကောင်းပါတယ်။

ဟီရိုးရှီးမားနဲ့ နာဂါစကီကို ဗုံးမချင်ခင်မှာ

အဏုမြူ ဗုံးထုတ်လုပ်ဖို့ ကြိုးစားနေကြတာဟာ

အမေရိကန်နဲ့ အင်္ဂလန်တို့ပဲမဟုတ်ပါဘူး။ ဂျပန်နဲ့

ရုရှားတို့ကလည်း ဒီကိစ္စကို စိတ်ဝင်စားကြသလို

(Thule)လို ဂမ္ဘီရစီမံကိန်းတွေကအစ မျိုးစုံ

စမ်းသပ်ခဲ့တဲ့ ဟစ်တလာရဲ့ ဂျာမနီဟာ သူများထက်

ခြေလှမ်းတောင်သာနေပါသေးတယ်။ အမေရိကန်ရဲ့

မန်ဟက်တန်စီမံကိန်းနဲ့အပြိုင် လိုက်နိုင်နေတာဟာ

နာဇီဂျာမနီဘက်မှာ ဗာနာဟိုင်ဇင်ဘာဂ်ဆိုတဲ့

ထိပ်တန်းရူပဗေဒပညာရှင် ရှိနေလို့ပါပဲ။

ဗာနာဟာ ၁၉၃၂ ခုနှစ်မှာ ရူပဗေဒနိုဘယ်ဆုရခဲ့ပြီး

သူ့ရဲ့ မသေချာခြင်းသီအိုရီ( Heisenberg

uncertainty theory -1927)ဟာ

ကမ္ဘာကျော်ပါတယ်။ ၁၉၃၈ ခုနှစ်မှာ ဂျာမန်

သိပ္ပံပညာရှင်တွေဟာ အဏုမြူ ဗုံးအတွက်

ခြေလှမ်းသစ်ဖြစ်တဲ့ အက်တမ်ကို စပြီး ဖြိုခွဲနိုင်ခဲ့ပြီ။

မန်ဟတ်တန်စီမံကိန်းက သူတို့ကို အမီလိုက်ဖို့

ပညာရှင်စုဆောင်းလို့ မပြီးသေးချိန်မှာ စိုးရိမ်စရာ

ဖြစ်လာတာက Heavy waterလို့ခေါ်ကြတဲ့

သာမန်ထက်ဟိုက်ဒရိုဂျင်အပြည့်ပါတဲ့ ရေကို

လွယ်လွယ်ဖန်တီးနိုင်တယ်လို့ ယူဆရတဲ့

နည်းစနစ်ကို ဗာနာဟိုင်ဇင်ဘာဂ် ရထားပြီဆိုတဲ့

သတင်းကြောင့်ပါပဲ။ ဗာနာကို မဖြစ်မနေ လုပ်ကြံဖို့

အခြေအနေဖန်လာချိန်မှာ ဂျူးလူမျိုး ဘေ့စ်ဘော

ကစားသမားဟောင်း Moeကို တာဝန်ပေးလိုက်တယ်။

သူ့တာဝန်က ဗာနာဟိုင်ဇင်ဘာဂ်ကို တီးခေါက်

မေးမြန်းပြီး ဂျာမနီဟာ အဏုမြု ဗုံး တည်ဆောက်နေတာ

ဟုတ်မဟုတ်သိရအောင် လုပ်ပြီး အဏုမြူ ဗုံး

တည်ဆောက်နေတာ သေချာရင် ဗာနာဟိုင်ဇင်ဘာဂ်ကို

ပစ်သတ်ခဲ့ဖို့ပဲ။ တကယ်လက်တွေ့မှာတော့

Moeဟာ ဗာနာကို မသတ်ခဲ့ဘူး။ မသတ်ခဲ့တဲ့

အကြောင်းရင်းကို သူဘယ်တုန်းကမှ ရှင်းမပြခဲ့သလို

ဗာနာဟိုင်ဇင်ဘာဂ်ကလည်း ဂျာမနီဟာ

အဏုမြူ ဗုံး တည်ဆောက်ခဲ့တာ ဟုတ်မဟုတ်

ဖြေရှင်းချက် မပေးခဲ့ပါဘူး။ စစ်အပြီးမှာတော့ ဗာနာဟာ

ဂျာမန်တွေသိုလှောင်ထားတဲ့ Heavy water

အားလုံးကို မဟာမိတ်တွေလက်ထဲ အပ်ခဲ့ပြီး

သုတေသနအချက်အလက်တွေကို အမေရိကန်က

ယူစစ်ဆေးခဲ့တယ်။(စစ်အေးကာလလွန်မှာ

အားလုံးကိုဂျာမနီလက်ထဲ ပြန်အပ်ခဲ့တယ်လို့

ဆိုပါတယ်။) ပဟေဠိဆန်တဲ့ ရူပဗေဒပါမောက္ခနဲ့

လျှို့ဝှက်တတ်တဲ့ဘေ့စ်ဘောသမားဟောင်း သူလျှိုတို့

သူတို့ချင်းဆုံခဲ့တဲ့ညက ဘာတွေဖြစ်ခဲ့ကြလဲဆိုတာ

ဘယ်သူမှမသိနိုင်တော့ပေမယ့် ဒီရုပ်ရှင်ကနေ

တစ်စွန်းတစ်စတော့ သိနိုင်လိမ့်မယ် ထင်ပါတယ်။



ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ Hein That Naing ဖြစ်ပြီး

Review ကိုတော့ ကို Elvis မှ ရေးပေးထားပါတယ်


Download Link 910MB

Download Link 467MB

Thit San Khant

Cd channal myanmar 
Read more »

Thursday, December 21, 2017

Synopsis of I Am Not a Robot (2017) Without ADS


Synopsis of I Am Not a Robot (2017) ကြော်ငြာမပါ။


အခုတစ်ပါတ်ကစတင်ပြီး အပါတ်စဉ်ဗုဒ္ဓဟူး ကြာသပတေးနေ့များမှာ MBC ရုပ်သံလိုင်းက ထုတ်လွင့်ပေးမယ့် နာမည်ကျော် မင်းသား Yoo Seung Ho ရဲ့ I am not a Robot –Fantasy Romance ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။

ဒီနှစ်ထဲမှာပဲနာမည်ရလာတဲ့ တက်သစ်စ မင်းသမီးလေး Chae Soo Bin နဲ့တွဲဖက်ရိုက်ကူးထားပါတယ်။

ဒါရိုက်တာကတော့ King 2 Heart, Arang and the Meritage, Goddness of fire, Single cunning lady, She was pretty, W- two worlds အစရှိတဲ့ MBC ရုပ်သံလိုင်းအတွက် နှစ်စဉ် လိုလို နာမည်ကျော် Fantasy Romance ဇာတ်လမ်းကောင်းတွေ ဖန်တီးရိုက်ကူးပေးတဲ့ ဒါရိုက်တာ Jung Dae Yoon ဖြစ်တာကြောင့်လည်း ဒီဇာတ်ကားကို ကိုးရီးယားပရိသတ်တော်တော်များများ မျှော်လင့်နေခဲ့တဲ့ဇာတ်ကားလေးပါ။

Channal Myanmmar မှ ကိုးရီးယားပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်

ဇာတ်လမ်းအကျဉ်းလေးကတော့…….

ကင်မင်ဂျူး ( Yoo Seung Ho)…. ကတော့ ကျိကျိတက်ချမ်းသားပြီးလိုလေသေးမရှိပြည့်စုံတဲ့ ဥစ္စာပေါရုပ်ချော လူပျိုလေးတစ်ဦးပါ။

ဒါပေမယ့်လောကကြီးမှာ အကောင်းအဆိုးဒွန်တွဲနေတတ်ပါတယ်။

အရာရာ ပြည့်စုံနေတယ်လို့မရှိပါဘူး။

လူတိုင်းကတော့ လိုအပ်ကိုယ်စီရှိနေကြစမြဲပါပဲ။

ဒီသဘောတရားအတိုင်းပဲ သူ့မှာလည်း ရှားရှားပါးပါး ချွတ်ယွင်းချက်တစ်ခုရှိနေပါတယ်။

ဒါကတော့ ဓါတ်မတည့်တဲ့ရောဂါရှိနေတာပဲ ။

တစ်ချို့က ခွေးတွေကြောင်တွေနဲ့ ဓါတ်မတည့်ကြပေမယ့် သူကတော့ အရမ်းကို ရှားရှားပါးပါး လူတွေနဲ့ ဓါတ်မတည့်တာပဲ။

တခြား လူအသားအရည်နဲ့ ထိမိလိုက်တာနဲ့ ဆိုးဆိုးရွားရွားကို အလာဂျစ်ဖြစ်လို့ စစ်မှုထမ်းကင်းလွတ်ခွင့်တောင်ရထားတဲ့သူတစ်ယောက်….လူဖြစ်ပြီးလူတွေနဲ့ ဓါတ်မတည့်တော့ သူ့ဘ၀က အရမ်းကို အထီးကျန်လွန်းပါတယ်။

လူတောထဲမသွားနိုင် လူတွေနားမကပ်ရဲနဲ့ ဘုကလန့်ဂွစာလို ဖြစ်နေတော့ပါပဲ

ဂျိုဂျီအာ ( Chae Soo Bin)- ရုပ်ရည်ချောမောပြီးစိတ်ရင်းစေတနာကောင်းပေမယ့် သူ့ဘ၀ကတော့ ခက်ခဲကြမ်းတမ်းပါတယ်။

ပိုက်ဆံရဖို့အတွက် ရရာအလုပ်မျိုးစုံကို လိုက်လုပ်နေရတဲ့မိန်းမလေးတစ်ဦး။

သွက်လက်တယ် အကင်းပါးတယ် သင်လွယ်တတ်လွယ်တဲ့မိန်းကလေး။

သိပ္ပံပညာရှင် ဥာဏ်ကြီးရှင် ဟွန်ဘတ်ဂွန်း ( Uhm Ki Joon) – လူတူစက်ရုပ်ကိုတီထွင်နိုင်တဲ့ ဥာဏ်ကြီးရှင်တစ်ဦး ။

IQ မြင့်တဲ့လူတူစက်ရုပ်မလေး အာဂျီ-၃ ကို တီထွင်နိုင်ခဲ့ပြီး မျက်နှာကိုတော့ သူ့ရည်စားဟောင်း ဂျိုဂျီအာ (Chae Soo Bin )အတိုင်း တစ်ပုံစံတည်း ဖန်းတီးထားခဲ့တယ်။

ဒီစက်ရုပ်မလေးကို အထီးကျန်နေတဲ့ သူဌေးလေး ကင်မင်ဂျူးဆီ ဒေါ်လာသန်းပေါင်းများစွာနဲ့ ၀ယ်ယူဖို့ ကမ်းလှမ်းခဲ့ပါတယ်

ဒီစက်ရုပ်မလေးကို သူ့အိမ်တစ်ရက်ပို့ပြီး စမ်းသပ်ကြည့်လိုကြိုက်ရင် ၀ယ်မယ်လို့ ကင်မင်ဂျူး ကလည်း ကြိုက်ရင် တိုင်းတဲ့ဈေးအတိုင်းပေးဝယ်မှာပါ။

စက်ရုပ်ကို မပို့ခင် ဆားကစ်ချို့ယွင်းမှုဖြစ်သွားတဲ့ ပြင်ဆင်နေချိန်မှာ အချိန်မှီပို့ပေးနိုင်ဖို့အတွက် သူ့ရည်စားဟောင်းဆီမှာ အချိန်ပိုင်းအစားထိုးဖို့ အကူအညီတောင်းတဲ့အခါမှာ…….

ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါ။



Review by Little Twinlay

Translators : Phyu Phyu Thant and Kyar Phyu Lwin

Encoder : Thanhtike Zaw


Episode 1+2 (350 MB) Yoteshin Link / Openload Link / Solid Drvie Link


Episode 3+4 (350 MB) Yoteshin Link / Openload Link / Solid Drvie Link


Episode 5+6 (350 MB) Yoteshin Link / Openload Link / Solid Drvie Link


Episode 7+8 (350 MB) Yoteshin Link / Openload Link / Solid Drvie Link


Episode 9+10 (350 MB) Yoteshin Link / Openload Link / Solid Drvie Link
Read more »

Tuesday, July 28, 2015

Survivor မြန်မာစာတန်းထိုး

Survivor  မြန်မာစာတန်းထိုး

Directed byJames McTeigue
Produced by
Written byPhilip Shelby
Starring
Music byIlan Eshkeri
CinematographyDanny Ruhlmann
Edited byKate Baird
Production
company
Distributed byAlchemy
Release dates
  • 29 May 2015 (United States)
  • 5 June 2015(United Kingdom)
Running time
96 minutes
CountryUnited States
LanguageEnglish
Budget$20 million

Credit to Channelmyanmar

Read more »

Friday, July 24, 2015

Bound (2015) 18+ with burmese subtitle





Bound
Directed byJared Cohn
Produced by
Written by
  • Jared Cohn
  • Delondra Williams
Starring
Music byChris Cano
CinematographyLaura Beth Love
Edited byJames Kondelik
Production
company
Distributed byThe Asylum
Release dates
  • January 9, 2015(United States)
Running time
91 minutes
CountryUnited States
Language
Subtitle
Credit
English
Burmese
  Channelmyanmar

Read more »

Perfect Partner with Burmese subtitle



Movie: Perfect Partner

Director: Hun-Su Park

Actors: Yeong-ho Kim, Chae-Yi Yoon, Hye-seon Kim

Genre: Comedy, Drama, Romance

Country: South Korea

Release Year: 2011

Duration: 120 min





Read more »

 
Powered by Blogger